Wednesday, June 12, 2013

Cartoon

 ခေတ်ကို ထင်ဟပ်သည့် မြန်မာ ကာတွန်းများ
-------------------------------------------------------------




-------------------------------------------------------------




-------------------------------------------------------------

Saturday, May 18, 2013

ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"- (ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ) -

ဒီမိုကရေစီလှုပ်ရှားမှု

  ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
(ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ -)

 အမှာ နိဒါန်း

အခု တလောမှာ မြန်မာနိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစားမှု၊ အာဏာ အလွဲသုံးစား ပြုမှု တို့ ဖြင့် ဆိုင်းငံ့ထောင်ဒဏ် နှစ် ၄၀ အချမှတ်ခံရသော လွတ်ငြိမ်းခွင့်ဖြင့် လွတ်ခဲ့သည့် ၀န်ကြီးချုပ်ပြုတ် ခင်ညွန့် ရဲ့ န၀ဒေး ရိပ်သာမှာဖွင့်တဲ့ ပန်းချီပြခန်းပါတဲ့ ကော်ဖီဆိုင် နဲ့ စားသောက်ဆိုင်တွေ အကြောင်း၊ ရဲနိုင်ဝင်းရဲ့ စားသောက်ဆိုင် အကြောင်း ပလူပျံအောင် ၀ါဒ ဖြန့် နေတာတွေ ဖတ်ရသည် ။

အဲဒီ ၀န်ကြီးချုပ်ပြုတ် ခင်ညွန် ကောင်းကြောင်း ၀ါဒဖြန့် မီဒီယာတွေထဲမှာ.. ပြည်ပမှာ ဒီမိုကရေစီလစာ စားပြီး.. တိုင်းပြည် ကယ်တင်မယ် ဆိုတဲ့ ထိုင်းနိုင်ငံ ချင်းမိုင် အခြေစိုက် ဧရာဝတီနဲ့ အိန္ဒိယ အခြေစိုက် မဉ္စိမ သတင်းဌာနတို့ ရှေ့ တန်းက ပြေးနေတာ တွေ့ ရသည်။

ပြည်တွင်း မီဒီယာတွေပြန်ကြည့်ရင် ထောင်တွင်းမှာ အကျဉ်းသား ဘ၀နဲ့ သေဆုံးသွားသူ (၀န်ကြီးချုပ်ပြုတ် ခင်ညွန့် နဲ့ အမှုတွဲ)  နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်ရဲ့ သား =အယ်ဒီတာချုပ် ခုပ်တဲ့ 7 Day Journal တို့ Favourite News စတဲ့ အမြီးစားဖက် ခေါင်းစားဖက် မီဒိယာတွေမှာ =စကိုင်းနက် ရုပ်သံလွှင့် လိုင်းတွေမှာ မြင်နိုင်သည်။

အကြမ်းဖျင်းကြည့်သော် ဦးခင်ညွန့် သည် ဘ၀နိမ့်ဆင်းသွားရသဖြင့် လဘက်ရည် ရောင်းချ အသက်မွေးရတော့မည့် မျိုးချစ်စိတ် ရှိသူ သူတော်စင်၊ သူတော်ကောင်းကြီးအဖြစ် ထင်မှတ်ဖွယ်ရာရှိသည်။

ထောက်လှမ်းရေး ညွန်ချုပ် ဘ၀တွင် လက်သံပြောင်စွာဖြင့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး အပြီးတွင် မျိုးချစ်သံဃာတော်တို့ နှင့် ကံဆောင်သပိတ် အပေါ်မည်သို့ နှိပ်ကွပ် ရက်စက် ယုတ်မာခဲ့သည်များမှ အချို့ တ၀က်ကို အောက်တွင် ထုတ်နှုတ် ပြလိုသည်။

 
တာဝန်ခံ (ဟစ်တိုင်)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"

(ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ )-
-၁၈ ။-၅ -၂၀၁၃


"သံဃာ့ဂိုဏ်း မသင့်စေဖို့ "

 
မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ ။ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ။
သို့ သော် ရေးချိန်တန်လာသောကြောင့် ရေးလိုက်ပါသည်။
"အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ" သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာ အားလုံး ရေးသားတော်မူခဲ့သည် ။
သုတ္တန်ဘာသာ ဋီကာ တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်။

ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည် အဆင့်မြင့်မားလွန်းသော စာပေများ.. သံဃာထု အားလုံး အသုံးပြုကြရသည်။
လူများအတွက် ရတနာ့ဂုဏ်ရည် ၊ ကိုယ်ကျင့်အဘိဓမ္မာ မှသည် အဆင့်မြင့် ပုဂ္ဂိုလ် ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်း များစွာ ရေးသားတော်မူသည်။
သာသနာတော်ဝယ် နေလိုလလို ထွန်းထောက်တော်မူခဲ့၍ ၂၁ ရာစု ဗုဒ္ဓဃောသ ဟုပင် နာမည်တွင်ခဲ့ နာမည်တင်နေဆဲဖြစ်သော ဆရာတော်ဖြစ်ပါသည်။



"တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်း တပါးဖြစ်တော်မူသည်။
သက်တော် ၂၇ သိက္ခာ ၀ါတော် ၇ ၀ါမျှဖြင့် တိပိဋကဓရ ဖြစ်တော်မူခဲ့၍ တိပိဋကဓရ ဖြစ်သည့် နှစ်တွင် ရန်ကုန်မြို့  ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကို တည်ထောင်တော်မူသည်။
တစ်ကြိမ်ပို့ ချလျှင် တစ်နာရီခွဲ ဖြင့် တစ်နေ့ လျှင် စာဝါ ၇ ၀ါ ၈ ၀ါမျှ ပို့ ချတော်မူခဲ့သည်။

မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍ မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်သော န၀တ အစိုးရအား သပိတ်မှောက် သံဃာ့ကံပြုတော်မူကြသည်။

သာသနာအတွက် အသက်စွန့် လှူထားတော်မူသော တိပိဋကဓရ ဆရာတော်သည် သပိတ်မှောက် ကံဆောင်သော သတင်းကို ကြားသောအခါ မိမိတပည့်များအား သြ၀ါဒ ပေးတော်မူသည်။

”သံဃာဆိုတာ ညီညွတ်ရသည် .. သံဃာအဆက်ဆက် ညီညွတ်ခဲ့၍ ယနေ့ တိုင်အောင် သာသနာတော် တည်နေခြင်းဖြစ်သည် ။မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့ သော် သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည် ။ သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရမည် ..” ဟု မိန့် တော်မူသည်။

အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် ။ ရွှေဘုန်းပွင့်ဆရာတော် ။ ကျောက်ကုန်းမေဒိနီ ဆရာတော်စသော ထင်ရှားသော ဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်က ဥက္ကဌ ။ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်က အတွင်းရေးမှုး တာဝန်ယူကာ စစ်အစိုးရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုး ပေးပို့ ခဲ့သည်။

တပည့် စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ ထပ်ကြီး ဘုရားတွင် အစိုးရအား သပိတ်မှောက်ကံ ပြုစေတော်မူသည်။


ဒီသံဃာ သပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်...ဟု သဘောထားသော စစ်အစိုးရသည် ထိုသို့  သပိတ်မှောက်ကံပြုခံရသည်ကို အစပိုင်းတွင် မမှုခဲ့ပါ -။နိုင်ငံတော် လမ်းဖွင့်ပွဲ..စသော ပွဲလမ်းများတွင် သံဃာများကို ပင့်သည် ။

မက်မောလောက်အောင် TV အောက်စက်မှ အစ လှူသည် .. ။သို့ သော် ငယ်ဖြူ သံဃာများ ကြွရောက်တော်မမူကြ။
တောထွက်သံဃာများသာ ကြွရောက်တော်မူကြသည် ။

အစိုးရပြုလုပ်သော သံဃာ့ အခန်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေသည် ။ထို့ ထက်ဆိုးသည်ကား စစ်တပ် မိသားစုဝင်များ ကွယ်လွန်သော် အသုဘသို့ ကြွရောက်ခါ ရေစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော် မရှိဖြစ်ရသည် ။မိမိတို့  တိပိဋက မဟာဂန္ဓာရုံကျောင်းသည် ချော်တွင်းကုန်း ကပစ ၁၀၆ စစ်တပ်နှင့် နီး၍ ထိုသတင်းများကို သိခဲ့ရသည်။

မိသားစုဝင် သေလို့ မှ အသုဘ ရေစက်ချ သရဏဂုံတင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည် ကျကြရသော အောက်ခြေ စစ်တပ်မိသားစုနှင့် အထက်အရာရှိများမှ တဆင့် ထိပ်ပိုင်း ခေါင်းဆောင်များပြဿနာ တက်ရတော့မည့် အခြေအနေတွင် န၀တ အစိုးရမှ အမိန့် ထုတ်သည်။

သပိတ်လှန်မပေးလျှင် ပြင်းထန်စွာ အရေးယူမည်ဟု ဆရာတော့်ထံ စာပို့ သည်။ မြန်မာ့အသံမှ တနာရီခြား တစ်ခါ ထိုအမိန့် ကို အသံလွှင့်သည်။
အမိန့် ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေး စစ်သည်တေးများ အဆက်မပြတ်ထုတ်လွှင့်ခဲ့သည်။

ဆရာတော်က သပိတ်လှန် လက်မှတ်ထိုး မပေးလိုသော်လည်း အစိုးရအကြောင်းကို သိတော်မူသော ဆရာတော်၏ ဆရာ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့် ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ထိုးစေတော်မူသည်။

ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့ရသည်။
ထိုညက မှတ်မှတ်ရရ မိုးကြိုး ၁၂ ကြိမ်ကျော်မျှ ပစ်သံကြားရသည်။

န၀တ အစိုးရ သတ်မှတ်ချိန် တိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်း စစ်အစိုးရမှ အာဃာတတရား ကြီးမားစွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့  သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်။

ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်းမကြား ။တလလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံရကြောင်း သိကြရသည်။

မြစ်ကြီးနားထောင်မပို့ ခင် စစ်ခုံရုံးသို့ ပို့ သည် .. ။ဆရာတော်အား စစ်ဆေးမည့် ဗိုလ်မှုးကြီးအား အခြားဗိုလ်မှုးတစ်ဦးမှ ”မင်း စစ်ဆေးရမယ့်သူက တခြားသူ မဟုတ်ဘူး၊ တိပိဋကဓရ ဆရာတော်ဖြစ်သည်”ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ= ကောင်းကြွယ်ရေးသားသော တိပိဋကဓရ ဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည်။

ထို စစ်ဆေးရန်တာဝန်ကျ ဗိုလ်မှုးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည်။
ထိုခေတ်ထိုအခါက သတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည် ။ဘယ်မိန်ကလေးကို ဆွဲလားရမ်းလားလုပ်သည်..ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့် သတင်းများစွာ လွှင့်ခဲ့သည်။

ဗိုလ်ချုပ်မှုးကြီးစောမောင် မြစ်ကြီးနားဘက်သို့  ခရီးစဉ်ထွက်သောအခါ တိပိဋကဓရ ဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိ..ဟု သတင်းစာတွင် 8 point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို သတိထား သတိရ သူများ ရှာဖွေကြပါကုန်။


တိပိဋကဓရ ဆရာတော်သည် သံဃာညီညွတ်ရေး နှင့် သာသနာ့အရေးကိုသာ ကြည့်၍ န၀တ အစိုးရအား သပိတ်မှောက်ကံပြုခဲ့ခြင်းသာ ဖြစ်သည်။
နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်း မဟုတ်ပါ။

၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ ကြသော သံဃာတော်များမှာ အစိုးရမှ ယာယီ သင်္ကန်းပတ်ပေးသော အတုအယောင်များမှ လွဲ၍ ..စာသင်သား သံဃာတော် အစစ်အမှန်များသာဖြစ်သည်။
ယာယီ အတုအယောင်များသည်လည်း မိဘ ဆွေမျိုး အသက်စည်းစိမ် အိုးအိမ်ကို ကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်။


တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ" ၏ ကမ္ဘာအေးရှိ စာသင်တိုက် ကျောင်းတော်

"သီလကြီးလေးပါး လုံခြုံလျှင်"
သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာ ဖြစ်သည် ။သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင် မရှိခဲ့ပါပေ။
သံဃာတော် အဆက်ဆက်သည် ဒကာ ဒကာမ တို့ အပေါ်ဝယ် တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည်။

ကိုယ်တိုင် ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာမက ဒကာ ဒကာမတို့ အား သံသရာဝယ် အထက်တန်း ဘ၀များသို့ တိုင်အောင် တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်ပေးတော်မူကြသည်။

သတ္တိ ဗျတ္တိရှိ၍ ထက်မြက်သော .. အတိုက်အခံ လုပ်သည်ဟု အစိုးရမှ ယူဆသော သံဃာတော်များမှာ အကြောင်းတစ်မျိုးမျိုးဖြင့် ဖိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည်။
ဟိုးယခင် ခေတ်အခါက သာသနာတော်သန့် ရှင်းရေး အမည်တပ်လျက် ထူးကြီးဆရာတော် ။ ဦးစံတင့် စတုနိကာယကောဝိဒ စသော ပုဂ္ဂိုလ်များ လူဝတ်လဲခံခဲ့ရသည်ကို ကြည့်လျှင် သိနိုင်ပေသည် ။

နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်း ထိုအကြောင်းကို သိ၍ ထိုသို့ ပြုလုပ်ခံခဲ့ရလျှင် သက်တော် ရွယ်တော်နှင့် မိမိတို့ ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရသောကြောင့် ရေငုံ နှုတ်ပိတ်သာ နေတော်မူကြရကုန်သည် ။

ယခု အခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာ သုံးလာကြသည်။ မြန်မာနိုင်ငံဝယ် သံဃာဦးရေ အရမ်းများနေသည်။ သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန် သာသနာတော်သန့် ရှင်းရေး အမည်ပေးကာ နှိပ်ကွပ်ဖို့  အစပျိုးခြင်းလားဟု ထင်မိပါသည်။


"အထူးသတိပေးချက်" 

 
သံဃာတော်များ ညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏ ၀ိနည်း ဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟု ပြောစရာ မလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည်။

အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသော စစ်မှန်သော ဥပဒေပေါ်ပေါက်လာပါက စီးပွါးရေး ခိုင်မာဖွံ့ ဖြိုးလာပေမည်။
ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့ က ယူဆနေကြသော သံဃာတော်များလည်း ယခုလောက် များတော့မည် မဟုတ်ပါ ။ဥပဒေ မှန်ကန်ဖို့ နှင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ဖို့ သာ လိုပေသည် ။တာဝန်ကိုယ်စီ ကျေပွန်ကြဖို့  အရေးကြီးသည် ။

ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုရ် မုဆိုးအား အသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကို မြင်ရသောအခါ ..”ဘုရား ပစ္စေက ဗုဒ္ဓါတို့ ၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည် ။ဒီလို အ၀တ်မျိုး ဘ၀သံသရာတွင် တွေ့ ကြုံရဖို့  အလွန်ခဲယဉ်းသည်။
ငါသည်လည်း ပါရမီဖြည့်နေသော ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်သည်။သူ့ အသက်ကို မသေစေကောင်း..”ဟု သာကြည်စွာ လွှတ်ပေးရုံမက ဆင်စွယ် တစ်စုံ ..၊ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန် ပရိတ်အရံအတားများဖြင့် ချီးမြှောက်တော်မူခဲ့သည်။

သြကာသ ပင် ဖြောင့်အောင် မရသော တချို့ သော လူတန်းစားများသည် သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့ ၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့  အင်မတန်မှ ခက်ခဲလေသည် ။

မိမိဘ၀ကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သော သူများအား မပြစ်မှား မိစေဖို့  စေတနာဖြင့်ရေးသားရပါသည်။

သာသနာတော်အတွက် အန္တရာယ် ကျရောက်မည့် အခါတိုင်း သံဃာတော်သည် ကြောင့်ကြမဲ့ နေတော် မမူကြပါပေ။

မိမိရေးသားသောစာသည် မည်သူ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းကိုမျှ ရည်ရွယ်၍ရေးသားသည် မဟုတ်ပါ။



နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မ၀င်းစား ..။


မပျက်စီးသင့်သောသူများ ဘ၀သံသရာ မပျက်စီးစေဖို့  ..

သံဃာ့ဂိုဏ်း မသင့်စေဖို့  ..မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများ မဖြစ်စေဖို့ .. သာသနာအရှည်ခံ့၍ တည်တံ့စေဖို့ သာ ရည်ရွယ်ပါသည်။

သစ္စာစကား မှန်ကန်ပါက အမိမြန်ပြည် အေးချမ်းသာယာ၍ သာသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပ ပါစေသတည်း ။ အမြဲတမ်း ဘေးမသန်းပဲ အေးချမ်းသာယာ သံသရာဝယ် ချမ်းသာပျော်ရွှင်စွာ ဘ၀ခရီးကိုဖြတ် နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြပါစေ ။


ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ

(ဆရာတော် ကြီး ပျံလွန်တော်မူတဲ့ အချိန် မှာ ဦးခင်ညွန့် အကျယ်ချုပ် ဘ၀နဲ့ သွားကန်တော့သည်ဟုသိရသည် ။ သို့သော် အချိန်နှောင်းခဲ့ပြီ )
by Thein Win

ဆောင်းပါး ၃ ပုဒ်နှင့် တွေးမိတွေးရာ( နေမင်းသူ-)

သူ့အတွေးအမြင်



- ဆောင်းပါး ၃ ပုဒ်နှင့် တွေးမိတွေးရာ
နေမင်းသူ-၁၄-၅ -၂၀၁၃

ကျနော် ခရီးယာယီ ထွက်ခဲ့ရာက ပြန်ရောက်ချိန် မိတ်ဆွေတချို့ရဲ့ ကျေးဇူးနဲ့ ကျနော့် Facebook Wall ပေါ်မှာ အဆင်သင့်တွေ့လိုက်ရတဲ့ စာစုလေးတွေကို လိုက်ဖတ်ရင်း ခရီးပမ်းခဲ့သမျှ အမောပြေရပါတယ်။ အဲဒီအထဲကမှ မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးသုံးပုဒ်ကို ဖတ်အပြီးမှာ တွေးတောခြင်ဆင်စရာ တချို့ ခေါင်းထဲမှာ တိုးဝင်ရောက်ရှိလာခဲ့ပါတယ်။

ပထမဆောင်းပါးက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး စာအုပ်စာတမ်းများစွာ ဆောင်းပါးများစွာ ရေးသားခဲ့ဖူးပြီး Asia Pacific Media ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်တဲ့ ဂျာနယ်လစ် ဘာတေးလင့်တနာ ရေးသားတဲ့ ‘ကန်နှင့်တရုတ် စစ်တလင်းကြားက မြန်မာ’ ဘာသာပြန်ဆောင်းပါး ဖြစ်ပါတယ်။

ဆောင်းပါးရှင်က မြန်မာနိုင်ငံရဲ့ ပွင့်လင်းဖြစ်ပေါ်ခါစ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်နဲ့ ကမ္ဘာ့ အင်အားကြီး နိုင်ငံ ၂ ခုဖြစ်တဲ့ တရုတ်နဲ့ အမေရိကန် အပြန်အလှန် အင်အားချိန်ခွင့်လျှာ ထိန်းညှိမှု၊ ပါဝါအားပြိုင် မှုတွေရဲ့ အဆက်အစပ်ကို ချယ်မှုန်းတင်ပြထားတာပါ။




အခုအခါ စစ်အေးခေတ်ကလို အိုင်ဒီအိုလိုဂျီ စွဲကိုင်မှုချင်းမတူတဲ့ အင်အားကြီးနိုင်ငံတွေအကြား ပြောင်ပြောင် တင်းတင်း အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပေါ်ပေါ်လွင်လွင် မမြင်တွေ့ရပေမဲ့ စစ်အေးခေတ်နောက်ပိုင်းတွင်မှ အမျိုးသားရေးရုန်းကြွလှုပ်ရှားမှုတွေ ရှေ့တန်းရောက်လာတာနဲ့အမျှ အမျိုးသားအကျိုးစီးပွားပြိုင်ဆိုင်မှုများလည်း သိသိသာသာ ကြီးထွားလာတာကို တွေ့မြင်ရပါတယ်။

ကွန်မြူနစ်တွေဟာ နိုင်ငံတကာ ပစည်းမဲ့များ သွေးစည်းညီညွှတ်ရေးအတွက် ‘လူမျိုး၊ ဘာသာ၊ အသားအရောင် ကွဲပြားခြားနားမှုမရှိ၊ လူတန်းစားအကျိုးစီးပွား ကွဲပြားမှုကိုသာ ဗဟိုပြုတယ်’ ဆိုတဲ့ အမြင်နဲ့ ကြွေးကြော်သံကို လက်ကိုင်ထားပြီး အရင်းရှင်စနစ်ကို ထိုးနှက်တိုက်ခိုက်ခဲ့ပေမဲ့ ကွန်မြူနစ်ပါတီ အာဏာရယူထားသော တရုတ်ပြည်မှာ စီးပွားရေးနိုးထမှု အစီအစဉ်တွေ လုပ်လာတဲ့နောက်ပိုင်း ပင်လယ်ရပ်ခြားမှာ နေထိုင်ကြတဲ့ တရုတ် လူမျိုးများရဲ့ အကျိုးစီးပွားကာကွယ်ရေး အစီအမံများကို အတိအလင်း ပြဌာန်းကျေညာ လုပ်ဆောင်လာ ပါတယ်။

ဖွံ့ဖြိုးတိုးတက်လာသော တရုတ်ပြည်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ကမ္ဘာ့ဒေသတချို့ကို ခြေဆန့်တဲ့အခါ အမေရိကန်နဲ့ မသင့်မမြတ် ဖြစ်နေတဲ့ နိုင်ငံအများစုဟာ တရုတ်စားကျက် ဖြစ်နေရပါပြီး စီးပွားရေးအရ လွှမ်းမိုး ခြင်း ခံနေရပါပြီ။

တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်းခြိမ်းခြောက်မှု အန္တရာယ်မကြုံတွေ့စေရပါ ဘူးလို့ အကြိမ်ကြိမ် ကတိပေးနေတဲ့ကြားကပဲ ဒေသတွင်း နိုင်ငံငယ်တွေနဲ့ ပိုင်နက်ရေပြင်အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာမှာ တရုတ်တို့ရဲ့တင်းမာတဲ့ သဘောထား အထင်းသားပေါ်လွင်နေပါတယ်။

၁၉၈၈ နောက်ပိုင်း အနောက်ကမ္ဘာနဲ့ ဆက်ဆံရေးအလှမ်းဝေးသွားပြီး အထီးကျန်ဖြစ်ခဲ့ရတဲ့ မြန်မာပြည်အနေနဲ့ အိမ်နီးချင်းလည်းဖြစ် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဗီတိုအာသုံးပိုင်ခွင့်ရှိတဲ့ အင်အားကြီးနိုင်ငံလည်း ဖြစ်တဲ့ တရုတ်နိုင်ငံအပေါ် လိုလိုချင်ချင်အမှီရှာတယ်ပြောပြော၊ မချစ်သော်လည်း အောင့်ကာနမ်းပြီး မဖြစ်မနေ ဆက်ဆံခဲ့ရတယ်ဆိုဆို ခုခါမှာ တရုတ်ရဲ့ စီးပွားရေးလွှမ်းမိုးမှုကို အကြီးအကျယ်ခံနေရပြီး မြန်မာနဲ့ အမေရိကန် ပြည်ထောင်စု ဆက်ဆံရေးနွေးထွေးနီးကပ်လာချိန်မှာ နယ်စပ်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်က စစ်လက်နက်ထောက်ပံ့ကူညီမှုတွေပိုလာကာ လုံခြုံရေးကိုပါ ထိပါးလာတဲ့ အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရပါပြီ။


အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်နဲ့ မကုန်ခမ်းနိုင်သေးတဲ့ သယံဇာတတွေ ရယူပိုင်ဆိုင်ချင်တဲ့အတွက် တရုတ်က မြန်မာပြည်ကို လက်မလွှတ်ချင်။ အာရှပစိဖိတ် မဟာဗျူဟာမှာ တရုတ်ရဲ့ပါဝါကို ထိန်းချုပ်နိုင်ဖို့ အမေရိကန် အတွက် မြန်မာပြည်ဟာ အချက်အချာကျ တယ်လို့ ဆိုကြပါတယ်။ နိုင်ငံကြီး ၂ ခုလုံးရဲ့ အန္တိမ ရည်မှန်းချက်က မြန်မာပြည်သူတွေ ကောင်းစားရေးထက် သူတို့အကျိုးစီးပွားတွေ ဖြည့်ဆည်းနိုင်ဖို့ သူထက်ငါ အလုအယက် ဖြစ်နေကြတာ ရှင်းပါတယ်။


အားနည်းတဲ့ တိုင်းပြည်တွေ ကမ္ဘာ့အလယ်မှာ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ ရပ်တည်နိုင်ဖို့ အင်အားကြီးနိုင်ငံ တခုမဟုတ်တခုနဲ့ နီးနီးကပ်ကပ် ယှက်နွယ်ဆက်ဆံမှု လုပ်ကြရတဲ့ အချိန်မှာ မြန်မာပြည်အနေနဲ့ တရုတ်၊ အမေရိကန် နှစ်နိုင်ငံလုံးကို တန်းတူထား ဆက်ဆံသွားလို့ ရေရှည်အဆင်ပြေနိုင်မှာလား .. တဖက်ဖက်ကို ယိမ်းထိုးအသာပေးလိုက်ရင်ရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ … နိုင်ငံ့ ခေါင်းဆောင်များ ခေါင်းခဲရမယ့် ပြဿနာရပ်တွေ တပုံကြီးရှိနေဆဲ။

နှစ်ပေါင်း ၂၀ ကျော် တရုတ်နဲ့ နီးနီးကပ်ကပ် ရှိနေခဲ့တဲ့ မြန်မာပြည်မှာ ဘယ်လိုဖြစ်ထွန်းမှုတွေ ရရှိသလဲ၊ ဘယ်လောက်ဆုံးရှုံးနစ်နာမှု ကြုံခဲ့ရပြီလဲ။ လက်ငင်းကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေက သက်သေ တည်နေပါတယ်။

အမေရိကန်နဲ့ ပတ်သက်လို့ကတော့ စစ်အေးခေတ်အတွင်း ကိုရီးယား စစ်ပွဲနဲ့ အင်ဒိုချိုင်းနား စစ်ပွဲတွေမှာ အမေရိကန်ဘက်က ရပ်တည်ခဲ့တဲ့ အာရှနိုင်ငံအများစု အာရှကျားအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ကျနော့် အမြင်မှာတော့ အမေရိကန်ဟာ နွားပိန်ခိုင်းတဲ့ ပေါ်လစီကို ကျင့်သုံးလိုပုံ မရှိဘဲ ခိုင်းလည်းခိုင်း အစာလည်း ဝဝကျွေးတဲ့ မူနဲ့ စခန်းသွားနေတယ်လို့ ယူဆမိပါတယ်။

အစာမဝနိုင်သေးတဲ့ တရုတ်နဂါးကြီး အမောက်ထောင် မာန်ဖီနေချိန်၊ အမေရိကသိန်းငှက်တကောင် တောင်ပံ ဖြန့်ဝဲလို့ ပစိဖိတ်အာရှဘက် အစာရှာထွက်ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်က ကြိုးတန်းလမ်းလျှောက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကြီး အစပြုချိန် ဖြစ်နေတော့ ကြိုးတန်းပေါ်က ဂျွမ်းဘားမယ်ကို သိန်းငှက်ပဲ သုတ်လေမလား၊ ကြိုးတန်းပေါ်က ပြုတ်ကျပြီး နဂါး ပါးစပ်တွင်း သက်ဆင်းသွားလေမလား ….. ရှုစားနေတဲ့ ပရိသတ် အဖို့တော့ အသဲတထိတ်ထိတ် ရင်တဖိုဖို။



…………………………………………………………………………………………

နောက်ဆောင်းပါး တပုဒ်က ၅-၄-၂၀၁၃ နေ့စွဲနဲ့ Asia Times မှာ ဖော်ပြခဲ့သော ဂျာနယ်လစ် လာရီဂျာဂန် ရဲ့ ဆောင်းပါးကို ‘မြန်မာပြည်၏ ခြကိုက်နေသောနိုင်ငံရေး’ အမည်နဲ့ ဘာသာပြန်ထားတာဖြစ်ပါတယ်။

ဆောင်းပါးရှင်က သမ္မတကြီးဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ချမှတ် အကောင်အထည်ဖော်လာရာမှာ တောင်တန်းကြီးများသဖွယ် ပိတ်လှောင်ကာဆီးနေတဲ့ အကျင့်ပျက် ခြစားမှုတွေအကြောင့် ပြောင်းလဲမှု အရှိန်အဟုန် ထင်သလောက် ခရီးမပေါက်ဘဲ ရှေ့တိုးနောက်ငင် လွန်းထိုး နေရပုံတွေကို အချက်အလက် ဒေတာတွေနဲ့တကွ ထောက်ပြရေးသားထားတာပါ။



စစ်အုပ်ချုပ်ရေးနဲ့ စခန်းသွားခဲ့သော ဆယ်စုနှစ်တွေအတွင်း အာဏာနဲ့လုပ်ပိုင်ခွင့်ကို ခုတုံးလုပ်ပြီး ထင်သလို ကိုယ်ကျိုးရှာ အကျိုးစီးပွားဖြစ်ထွန်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း တချို့နဲ့ လက်ရှိအစိုးရထဲအထိ အဆင့်မြင့် ရာထူးတွေ ဆက်လက်တာဝန်ယူနေပြီး ရလေလိုလေ အိုတစ္ဆေ ဖြစ်နေသော အကျင့်ပျက် ထိပ်တန်းအရာရှိ တချို့ကြောင့် သမ္မတကိုယ်တိုင် ဦးစီးလုပ်ဆောင်နေသော အပြောင်းအလဲ လုပ်ငန်းစဉ်များ မှန်းချက်မကိုက် ဖြစ်နေရပုံတွေကို သာဓကတွေ ဝေဝေဆာဆာနဲ့ တင်ပြထားပါတယ်။


မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ကာလအတွင်း ဆိုင်းဘုတ်တခြား လုပ်ရပ်တလွဲနဲ့ ကိုယ်ကျိုးရှာအကျင့်ပျက်ခဲ့မှုတွေ မရေတွက်နိုင်လောက်အောင် ရှိနေခဲ့ပြီး သူတို့ရဲ့ ချမ်းသာပိုင်ဆိုင်မှုကိုလည်း တိတိကျကျ ခန့်မှန်းနိုင်ဖို့ မလွယ်ကူအောင် လျှို့ဝှက်သိပ်သည်းလွန်းပါတယ်။

ယခုလို အပြောင်းအလဲ အစပျိုးအရှိန်ယူခါစ ကာလမှာ ထုထည်ကြီးမားလွန်းပြီး အသိုင်းဝိုင်းအရှိန်သြဇာလည်း ထက်တဲ့ အုပ်စုကြီးတခုရဲ့ အကျင့်ပျက်ခြစားမှုကို အရေးယူဖော်ထုတ်ရတဲ့ လုပ်ငန်းဟာ စင်းလုံးချော လွယ်ကူမှု မရှိနိုင်၊ တချီတည်း တကြိမ်တည်း စုပုံရှင်းမလုပ်နိုင်တာကို နားလည်ပေးနိုင်ပါတယ်။ အရေးယူဖယ်ရှားရမယ့် သူတွေဟာ အာဏာစက်ဝန်းထဲမှာပဲ ရှိနေပြီး သူ့ဘက်ကိုယ့်ဘက် နောက်ခံအင်အား အခိုင်အမာ ထူထောင် ထားနိုင်သူတွေ ဖြစ်နေတာလည်း မှန်ပါတယ်။ ဒါကြောင့် ရှေ့ကို မြန်မြန်မဟုတ် တောင်မှ မှန်မှန်လေး ရွေ့နေ တာကိုတော့ မြင်ချင်ပါတယ်။

နဝတ၊ နအဖ ခေတ်တွေမှာ ဗိုလ်ချုပ်တွေ တသီကြီး ဖြုတ်ခဲ့တာနဲ့ ယခုအချိန် အရေးယူဖယ်ရှားရတဲ့ ပုံစံချင်း တူပုံမရပါဘူး။ ဟိုတုန်းက အာဏာလွန်ဆွဲပွဲက ပြည်သူအတွက်မပါ သူတို့ချင်းအကျိုးစီးပွား အဝေမတည့် အာဏာခွက်စောင်းခုတ်ခြင်းသာဖြစ်ပြီး ဘယ်သူအနိုင်ရရ ပြည်သူတွေ ဝမ်းမသာနိုင်တဲ့ အဖြစ်တွေပါ။





ခုနေခါမှာတော့ ရှေးက လုပ်သွားသူတွေရဲ့ အကျိုးစီးပွားကို တတ်နိုင်သမျှ မထိပါးအောင် ထိန်းသိမ်းစောင့် ရှောက် ကာကွယ်ရင်း ကမ္ဘာ့အလယ်မှာပျက်နှာပန်းလှစေမယ့် ပုံစံချပြီးဘောင်ထဲကနေ သမ္မတကြီးဦးဆောင် ကိုင်တွယ်နေတဲ့ အပြောင်းအလဲမို့ ပြည်သူတွေအဖို့ မျှော်လင့်ချက် တဝက် အိပ်မက်မက်နိုင်တဲ့ ဖြစ်စဉ်တခုလို့ ဆိုရပါမယ်။

ဒီအပြောင်းအလဲမှာ ပြည်သူတွေမျှော်လင့်ချက် ပြည့်ဝနိုင်ဖို့ကတော့ သမ္မတကြီးနဲ့ လူထုခေါင်းဆောင် အကြား နားလည်မှု ကတိကဝတ်တွေနဲ့ တိုင်ပင်ကိုက် လှုပ်ရှားနိုင်မှု၊ လွှတ်တော်ရဲ့ ထကြွနိုးကြားမှု၊ ပြည်သူလူထုရဲ့ ထိန်းကျောင်း တည့်မတ်ပေးနိုင်မှု၊ အပြောင်းအလဲ လုပ်ငန်းစဉ်တွေအပေါ် တပ်မတော်ရဲ့ ထောက်ခံပံ့ပိုးမှု ဘယ်လောက် အားကောင်းမောင်းသန် ရှိမလဲ ဆိုတဲ့အချက်တွေပေါ် မူတည်မယ်လို့ ခန့်မှန်း ရပါတယ်။


…………………………………………………………………………………………………………..

နောက်ဆုံး ဆောင်းပါးကတော့ ဒုတိယဆောင်းပါးနဲ့ အဆက်အစပ်ပိုရှိတယ်လို့ ဆိုရပါမယ်။ မသန္တာဝင်း ရေးသားတဲ့ ‘သမ္မတကြီးကို တကယ်ချစ်ရင်’ ဆောင်းပါးကောင်းလေး တပုဒ်ပါ။

သူက မကြာသေးခင်ရက်ပိုင်းအတွင်း ကျရောက်ခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်ရဲ့ မွေးနေ့မှာ မွေးနေ့ဆုမွန်ကောင်း တောင်းပေး သူတွေ တပြုံတမကြီးနဲ့ သြချလောက်စရာ မွေးနေ့မင်္ဂလာသတင်းနဲ့ နိဒါန်းပျိုးလိုက်ပြီး ကိုယ်ကျင့် သိက္ခာ ဖြူစင်ရိုးသားပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာမေတ္တာထားသော သမ္မတကြီးကို နှစ်ပေါင်း ၅၀ တိုင် ပိတ်ဖုံးနေတဲ့ အမှောင်ထုကြားထဲက ထိုးထွက်လာတဲ့ လင်းလက်ကြယ်ပမာ ထောက်ခံကြိုဆိုလိုက်ပါတယ်။

အဖက်ဖက်က နိမ့်ကျပြိုဆင်းနေတဲ့ မြန်မာလူမှုအဆောက်အအုံကို ပြန်လည် နာလံထူနိုင်ဖို့ရာ ဆူးခင်းသော လမ်းမှာ မလျှော့တမ်းဇွဲနဲ့ လျှောက်လှမ်းနေသူတွေထဲ ထိပ်ဆုံးကပါဝင်နေတဲ့ သမ္မတကြီးလိုလူမျိုးဟာ ရှားရှား ပါးပါး ပေါ်ထွက်ခဲတဲ့ အမည်းရောင်ပိတ်ကားပေါ်က အဖြူစက် တပွင့်ပေါ့။

ကျနော်တို့ဟာ ခေတ်စနစ်တခုအတွင်း အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် တဦးချင်းအကြား မတူကွဲပြားမှုတွေကို မြင်အောင်ကြည့်တတ်ကြမယ်ဆိုရင် အဆိုးထဲကအကောင်း ရွေးထုတ်စရာ အခြေအနေအခွင့်အလမ်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်ကို သုံးနှစ်သုံးမိုး ရက်စက်ကြမ်းကြုတ်မှုအပြည့်နဲ့ အုပ်ချုပ်ခဲ့ချိန် ရဲဘော်သုံးကျိပ်နဲ့ ဗမာ့တပ်မတော်အပေါ် သံယောဇဉ်ကြီးပြီး မြန်မာပြည်အတွက် စေတနာမှန် ထားခဲ့တဲ့ ဗိုလ်ချုပ်ကြီး စူဇူကီး (ဗိုလ်မိုးကြိုး) နဲ့ ဗိုလ်မှူးကြီး ကဝါရှီးမား တို့အကြောင်း မြန်မာ့သမိုင်း စာမျက်နှာ တွေပေါ်မှာ အထင်အရှား ရှိနေဆဲပါ။



ဒီလိုပဲ မဆလ၊ နဝတ၊ နအဖ အစိုးရတွေလက်ထက်မှာ စစ်သားပီပီ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ရိုးရိုးသားသား ရပ်တည်ခဲ့တဲ့ စစ်ဗိုလ်စစ်သားတွေ အများအပြားရှိနေခဲ့ ရှိနေဆဲပါ။ အာဏာရှင် လက်စောင်းထက်ချိန်မှာ သူတို့ရဲ့ အခန်းကဏ္ဍနဲ့ ပုံရိပ်တွေ အရောင်မှိန်သေးသိမ်ခဲ့ပေမယ့် မလွှဲမရှောင်သာတဲ့ သမိုင်းတကွေ့ကို ဖြတ်သန်းရချိန်မှာ စင်ပေါ်ရောက် အရောင်တောက်ချိန်ကို ကြုံလာရပါပြီ။ သို့ပေမဲ့ အားရစရာကောင်းလောက် အောင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်တဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။ ပုဂ္ဂိုလ်ရေးအရ သမ္မတကြီးကို ယုံကြည်မှုရှိပေမဲ့ သူ့ကိုဝန်းရံပံ့ပိုးပေးနေတဲ့ အသိုင်းအဝိုင်းအားနည်းမှုကြောင့် အားမလိုအားမရဖြစ်နေသူထဲ ကျနော်လည်း အပါအဝင်။


ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက ရေရေရာရာ ပီပီပြင်ပြင် မရှိသေးခင် မတည်ငြိမ်မှု ရုန်းရင်းဆန်ခတ်မှု တွေ များစွာကြုံတွေ့ ဖြတ်သန်းနေရတဲ့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ရင်တမမ စောင့်ကြည့် နေရဆဲ ငြိမ်းချမ်းရေးတည်ဆောက်နေရာက သေနတ်သံတွေပြန်ထွက်ပေါ်လာ၊ ဘာသာရေးအသွင်ဆောင်တဲ့ အဓိကရုဏ်းတွေကလည်း ဟိုနေရာ ဒီနေရာ မရိုးရအောင် အသွင်အမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတော့ သံသယအဖုံဖုံ ထင်ကြေးအသွယ်သွယ်နဲ့ အဆိုးကျော့သံသရာတပတ် ပြန်လည်တော့မှာလား တွေးတောစိုးရိမ်စိတ်တွေ ရှိနေ ကြတာဟာလည်း မဆန်းလှပါ။

ဘာသာရေး အသွင်ဆောင်တဲ့ အဓိကရုဏ်းတွေကို ‘နိုင်ငံရေးကစားကွက်’ အဖြစ် ရှုမြင်တာတွေနဲ့ ပတ်သက်ပြီး ငြင်းစရာမရှိပါဘူး။ ကြိုတင်ကြံစည်ခဲ့ခြင်း မဟုတ်သည့်တိုင် ဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းကို ကိုယ်လိုရာ ရည်မှန်းချက်ပေါက်အောင် ဆွဲယူပုံဖော်တတ်တာဟာ နိုင်ငံရေးသမားတချို့ရဲ့ နိုင်ငံရေးလုပ်နည်း ဓမ္မတာတခု အဖြစ် နားလည်မိပါတယ်။ သို့သော် မကြာသေးခင်က ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ပတ်သက်လို့ နယ်ခံမိတ်ဆွေတဦး ပြောပြတာကို နားထောင်အပြီး ကျနော့်အဖို့ တွေးစရာတခု တိုးခဲ့ရပြီး စိုးရိမ်စိတ်တွေ ဝင်ခဲ့ရတယ်။



၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းချိန်က ငရုတ်သီးကြက်သွန်ရောင်းတဲ့ လမ်းဘေးဈေးဆိုင်ကအစ ပြည်သူပိုင် ဆိုင်းဘုတ်တင် သိမ်းဆည်းခဲ့ရာမှာ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေကို ပိုင်ရှင်ကျေနပ်တဲ့အထိ လျော်ကြေးပေးခဲ့ပေမဲ့ တိုင်းရင်းသားပိုင် လုပ်ငန်းတွေမှာ မျက်နှာလွှဲခဲပစ် ဖြစ်သလိုလုပ်ခဲ့ကြောင်း ဖတ်ရှု မှတ်သားဖူးပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာပြည်မှာ တိုင်းရင်းသားလုပ်ငန်းရှင်ရယ်လို့ မယ်မယ်ရရ မရှိလှ တော့ဘဲ ၁၉၈၈ နောက်ပိုင်း ထိပ်တန်းစီးပွားရေးသမားနေရာကို ရောက်လာသူတွေဟာ ဗိုလ်ချုပ်ကြီးတချို့ရဲ့ သားသမီးဆွေမျိုးမိသားစုနဲ့ သူတို့ အလွမ်းသင့်ရာ ခေတ်ပျက်ခရိုနီလူတစုသာ ဖြစ်နေပါတော့တယ်။ ကိုဖြူ၊ ကိုမဲ လူမျိုးခြားတွေစီးပွားရေးလောကမှာ တွင်ကျယ်နေမှုကလည်း ပုံရိပ်တမျိုး ဖြစ်စေတဲ့သဘောရှိပါတယ်။

တိုင်းပြည်စီးပွားရေး အတန်အသင့် ပွင့်လင်းမှုတွေ ရှိလာတဲ့အခါ ပြည်တွင်းထုတ်လုပ်မှုနဲ့ ဈေးကွက်မှာ လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို အားပေးတယ်ဆိုရင်တောင်မှ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေအနေနဲ့ ရှေ့ရောက်နေပြီးသား လူတွေကို ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုမှ အခွင့်မသာနိုင်တဲ့ အခြေအနေမှာ ရောက်နေတာပါ။ လက်ရှိမပြေလည်မှုတွေဟာ အင်မတန်မှ အကဲဆတ်လှပြီး အကိုင်အတွယ် မှားရင် အားလုံး ကမောက်ကမ ဖြစ်ကုန်နိုင်တဲ့ အနေအထားထိ ဆိုးရွားနိုင်တယ်လို့ သိရပါတယ်။



အပြောင်းအလဲနဲ့အတူ ပေါ်ပေါက်လာတဲ့ လေပွေလေရိုင်းတွေထဲမှာ အမျိုးသားရေး ရုန်းကြွမှုအငွေ့အသက်တွေ လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ အာဏာစက်ဝန်းနဲ့ အတန်ငယ် အလှမ်းကွာတဲ့ ကိုဖြူ၊ ကိုမဲ လူချမ်းသာတွေဟာ အလွယ်ကူဆုံး ဒေါသပစ်မှတ် ဖြစ်သွားနိုင်တာကို စဉ်းစားမိပါတယ်။ သို့ပေမဲ့ လက်တွေ့ ရုန်းရင်းဆန်ခတ်ဖြစ်ကြရာမှာ ပထမဦးဆုံး အထိနာတာက အောက်ခြေကျောမွဲလူများစု ဖြစ်နေ တာပါ။ ရေရှည် ဆက်ဖြစ်လာရင်တော့ ဒီထက်ပိုမိုဆိုးဝါးပြင်းထန်တဲ့ ဆိုးကျိုး အနိဋ္ဌာရုံတွေ ပေါ်ပေါက်လာ နိုင်ခြေ ရှိပါတယ်။

ဒီလိုမတည်မငြိမ်မှုတွေ အဆုံးသတ်ပြီးဆုံးဖို့ဆိုရာမှာ သူ့အပြစ်တင် ကိုယ့်အပြစ်တင် တာဝန်လွှဲနေရုံနဲ့ မဖြစ်နိုင်ပါ။ တာဝန်ရှိတာဝန်သိသူတွေ အားလုံးကိုယ်စီ ပါဝင်ဆွေးနွေး အဖြေရှာကြပါမှ ပြောင်းလဲမှု အသီးအပွင့်ကို ခံစားလိုသူအားလုံး အတူတကွ လက်တွဲဆောင်ရွက်နိုင်ပါမှ ပြီးဆုံးအောင်မြင်မယ့်အရေး ဖြစ်နေတာမို့ ညီညွှတ်ရေးကို ရှေ့ရှုသော အတွေးအမြင် လုပ်ဆောင်မှုတွေ ပိုမိုအပြန့်ကျယ်လာအောင် ဝိုင်းဝန်း ကြိုးပမ်းကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ် ခင်ဗျာ…။


နေမင်းသူ

Wednesday, May 15, 2013

 - ရခိုင်အရေးအခင်းမှသည် ဗမာပြည်အရေးအခင်းနိဒါန်း -ခိုင်လင်း(မေဃ၀တီ) -၁၆- ၅ -၂၀၁၃

ဆောင်းပါး

 - ရခိုင်အရေးအခင်းမှသည် ဗမာပြည်အရေးအခင်းနိဒါန်း
-ခိုင်လင်း(မေဃ၀တီ) -၁၆- ၅ -၂၀၁၃

ရိုဟင်ဂျာနာမည်ကို ဆုပ်ကိုင်ပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေဖြစ်တယ်ဆိုတဲ့အပေါ်မှာ ရပ်နေခြင်းဟာ ပြဿနာရဲ့အဖြေမဟုတ်ဘူး။ ပြဿနာရဲ့”ရင်းမြစ်” ဖြစ်တယ်ဆိုတာ ထောက်ပြခဲ့ဖူးတယ်။
ရိုဟင်ဂျာနာမည်ကို စွန့်လွှတ်ပြီး ဘင်္ဂလီအဖြစ်ရပ်တည်ကာ နိုင်ငံသားဖြစ်ရေး၊ ထိုမှတဆင့် နိုင်ငံသား တယောက်ရဲ့လွတ်လပ်ခွင့်တွေ အပေါ်မှာ ရပ်နေကြမယ် ဆိုရင် ပဋိပက္ခတွေဟာ ဆက်လက်ဖြစ်ပွားစရာ မရှိဘူးလို့မြင်တယ်။ တဘက်မှာလည်း ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေရဲ့ ရပ်တည်ချက်ကို အခြားပြည်နယ်တွေ၊ တိုင်းတွေမှာ ရှိတဲ့ မွတ်ဆလင်တွေက ပြတ်သားစွာ ဆန့်ကျင်ခြင်း မပြုခြင်းဟာလည်း ထောက်ခံသလို ၊ အားပေးသလို ဖြစ်စေခဲ့တဲ့အပြင် ရန်ကုန်၊ မန္တလေး စတဲ့ နေရာဒေသက ပညာတတ် မွတ်ဆလင်အချို့နဲ့ ငွေကြေးချမ်းသာတဲ့ မွတ်ဆလင်အချို့ဟာ မထင်မရှားနဲ့ တမျိုး ထင်ထင် ရှားရှား တဖုံ ရပ်တည်နေတဲ့ အထောက်အထားတွေရှိတယ်။
ဆိုတော့ ဒီအခင်းအကျင်းတွေဟာ ပြဿနာတွေ ဆက်လက် ဖြစ်ပေါ်အောင် ၊ မီးတောက်တွေ ဆက်လက်တောက်လောင်အောင် လုပ်သလိုဖြစ်စေခဲ့တယ်။


” နိုင်ငံမဲ့၊လူမျိုးတုံးသတ်ဖြတ်မှု ၊ ဘာသာရေးပဋိပက္ခ “ စတဲ့ စကားလုံးတွေနဲ့ နိုင်ငံတကာအား အထူးသဖြင့် မွတ်ဆလင်ကမ္ဘာရဲ့အင် အားကို ယူပြီး ရိုဟင်ဂျာသမိုင်းလိမ် ၊ သမိုင်းတုတွေနဲ့ မြန်မာနိုင်ငံတိုင်းရင်းသား ဖြစ်ရေးလုပ်ဆောင်မှုတွေဟာ ပဋိပက္ခဖြေရှင်းရေးမူ မဟုတ်ဘဲ ပဋိပက္ခကို ပိုမို တောက်လောက်အောင် ၊ ပိုမိုဖြစ်ပွားအောင် လုပ်ဆောင် သလိုဖြစ်စေခဲ့ပါတယ်။


ဒီ သမိုင်းလိမ်၊ သမိုင်း တုတွေကြောင့်ဘဲ မိတ္ထိလာ၊ ဥက္ကံ ပဋိပက္ခတွေထိ ပြန့်ပွားခဲ့တယ်။ ဒါကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်စေချင်တယ် ဆိုရင် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ သမိုင်းလိမ်၊ သမိုင်းတုတွေကို စွန့်လွှတ်ခြင်းနဲ့အတူ မြန်မာနိုင်ငံတိုင်းရင်းသား ဖြစ်ရေးမူကိုပါ ခ၀ါချ သင့်တယ်။
မြန်မာနိုင်ငံတိုင်းရင်းသားအုပ်စုတွေထဲမှာ ရိုဟင်ဂျာမရှိဘူးလို့ နိုင်ငံတော်က အတိအလင်း ပြောထားခြင်းဟာ သမိုင်းအစစ် အမှန်တွေကို အခြေခံပြီး ပြောနေခြင်းဖြစ်တယ်။

မြန်မာနိုင်ငံတိုင်းရင်းသားပေါင်းစုံကလည်း ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံတိုင်းရင်းသားမဟုတ်ဘူး ခေတ်အဆက်ဆက်က ခိုးဝင် အခြေချလာတဲ့သူတွေအဖြစ် ကွဲကွဲပြားပြားသိထားတယ်။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေကလည်း မဟုတ်ဘူးလို့ ငြင်းပယ်ရင်း ရခိုင်၊ မွန်၊ ဗမာတွေထက်စောပြီး ယခုလက်ရှိ မြန်မာနိုင်ငံ ဧရိယာထဲမှာ သူတို့နေခဲ့ကြောင်း၊ ပျူကျောက်စာ၊ ရခိုင်ကျောက်စာ၊ မွန်ကျောက်စာ၊ ပုဂံကျောက်စာတွေဟာ ကုလားဘာသာနဲ့ ရေးထိုးထားခြင်းကို သက်သေထူပြီး အထောက်အထားမဲ့ အိပ်ရာဝင်ပုံပြင်တွေကို သမိုင်းမှန်လို့ပြောရင်း၊ ရေးရင်း မြန်မာနိုင်ငံရဲ့ သမိုင်းမှန်တွေကို ပျက်ရယ်ပြု လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေ ဆဲဖြစ်တယ်။

ဒီလုပ်ဆောင်ချက်တွေကို အခြားမွတ်ဆလင်ဘာသာဝင်တွေက ကန့်ကွက်ခြင်းမပြုဘဲ နောက်ကွယ်က ရပ်ပေးခဲ့ကြသလို ပေါ်ပေါ်ထင်ထင် ရပ်တည်ခဲ့ကြတာတွေရှိတယ်။ တဖက်မှာလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂလီခေါင်းဆောင်တွေရဲ့ မဟာဗျူဟာအဖြစ် အောင်မြင်အောင် လုပ်ဆောင်ချင်တဲ့ “ ဘာသာရေးပဋိပက္ခ “ ကို ပုံဖော်ချင်ကြတယ်။
ဆိုတော့ ဒီအခင်းအကျင်းတွေဟာ မိတ္ထိလာ ၊ ဥက္ကံ စတဲ့ဒေသတွေကို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားအောင် လက်ဆက်ကမ်းသလိုဖြစ်စေခဲ့တယ်။ မိတ္ထိလာ အရေးအခင်းမဖြစ်ခင် ကပင် ကျနော့်ဆောင်းပါးတွေမှာ သမိုင်းလိမ် ၊ သမိုင်းတုတွေနဲ့ မြန်မာနိုင်ငံတိုင်းရင်းသား အဖြစ်ပုံဖော်နေခြင်းဟာ မြန်မာနိုင်ငံတိုင်းရင်း သားပေါင်းစုံရဲ့ အမျက်ဒေါသကို ဆွပေးသလိုဖြစ်စေမယ်လို့ ထောက်ပြခဲ့ဖူးတယ်။
တဖက်မှာလည်း ဘာသာရေးပဋိပက္ခမဖြစ် ဖြစ်အောင် အစွန်းရောက် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ လုပ်ဆောင်လိမ့်မယ်လို့ ပြောခဲ့တယ်။



ဘာသာရေးနွယ်တဲ့ အကြမ်းဖက် တိုက်ခိုက် မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူတွေ

ရိုဟင်ဂျာသမိုင်းလိမ် ၊ သမိုင်းတုတွေကို ထမ်းပြီး ရှေ့ဆက်တိုးနေရင် ပြဿနာတွေ ၊ ပဋိပက္ခတွေဆက်ဖြစ်နေအုံးမယ်လို့မြင်တယ်။ သူတို့ရဲ့ သမိုင်းလိမ်တွေနဲ့ မြန်မာနိုင်ငံတိုင်းရင်းသားဖြစ်ရေးရပ်တည်ချက်ဟာ မြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ ဒေါသကို ဆွပေးနေသလို ဖြစ်လို့ပါဘဲ ။
မကြာခင်က စစ်တွေမြို့နယ် သက်ကေပြင်ကျေးရွာအဖြစ်အပျက်ဟာ ရိုဟင်ဂျာနာမည်ကို မစွန့်လွှတ်ခြင်းနဲ့ ရိုဟင်ဂျာ သမိုင်းလိမ် ၊ သမိုင်းတုကို ဆုပ်ကိုင်ထားခြင်းရဲ့ သာဓကဖြစ်တယ်။ဝန်ထမ်းတွေတောင် ဒဏ်ရာအနာတရနဲ့ နောက်ဆုပ်ခဲ့ရသလို အချုပ်အခြာ အာဏာကိုလည်း ထိပါးခြင်းရဲ့ သင်္ကေတဖြစ်ပြန်တယ်။ ဒါကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုပါတယ်ဆိုတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီခေါင်းဆောင်တွေနဲ့ နောက်ကွယ်က ရပ်ပေးနေတဲ့ အနယ်နယ် အရပ်ရပ်က မွတ်ဆလင်ဘာသာဝင်တွေရဲ့ “ အပြော “ နဲ့ “ အလုပ်” ဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
တကယ်တမ်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ချင်တဲ့ ဆန္ဒအစစ်အမှန်ရှိခဲ့ရင် သမိုင်းမှန်မှာ မရှိတဲ့ ရိုဟင်ဂျာလူမျိုးဆိုတာကို စွန့်လွှတ်ရမှာဖြစ်သလို လုပ်ကြံထားတဲ့ အိပ်ရာဝင်ပုံပြင် သမိုင်းလိမ်တွေကိုလည်း မြေမြှုပ်ပစ်ရမှာ ဖြစ်တယ်။

တဆက်တည်း နိုင်ငံသားဖြစ်ရေး ၊ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်စွာ သွားလာခွင့် ၊ ပြောင်းရွေ့ခွင့်၊ ကိုးကွယ်ခွင့်စတဲ့ အခွင့်အရေးတွေအပေါ်မှာ ရပ်တည်ပြီး လုပ်ဆောင်သင့်တယ်။ ဒီလို နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေးကို လုပ်ဆောင်လာမယ်ဆိုရင် မြန်မာနိုင်ငံတိုင်းရင်းသား ပေါင်းစုံရဲ့ စာနာမှုကို ရရှိနိုင်မယ်။ နိုင်ငံသား ၊ နိုင်ငံသားအခွင့်အရေးကို ကျော်လွန်ပြီး တိုင်းရင်းသားဖြစ်ရေး ရပ်တည်ချက်ကို မသွားခြင်းဟာ ပြဿနာရဲ့အဖြေဖြစ်တယ်။
ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့မူနဲ့ မြန်မာနိုင်ငံတော်ရဲ့သမိုင်းမှန်တွေကို စော်ကားပြီး ဆက်လက် လိမ်ညာဝါဒဖြန့်နေခြင်းတွေကို မရပ်တန့် သေးသ၍ ပြဿနာတွေ၊ ပဋိပက္ခတွေဆက်လက်ဖြစ်ပေါ်နေအုံးမှာ သေချာတယ်။





ဘာသာရေးနွယ်တဲ့ အကြမ်းဖက် တိုက်ခိုက် မှုကြောင့် အိုးမဲ့အိမ်မဲ့ မီးလောင်ပြင် မြင်ကွင်း

အထူးသဖြင့် ကင်တားနားနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဟာ ပြဿနာတွေ ၊ ပဋိပက္ခတွေ ဆက်လက်မဖြစ်အောင် လုပ်ဆောင် မယ့်အစား ပြဿနာတွေ ၊ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားအောင် လှုံ့ဆော်သလို ဖြစ်စေတဲ့ ထုတ်ပြန်ကြေညာချက်တွေကို မထုတ် ပြန်ဖို့လိုအပ်တယ်။ ကုလသမဂ္ဂလိုအဖွဲ့က ကင်တားနားရဲ့ထုတ်ပြန်ချက်၊ သုံးသပ်ချက်တွေ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်၊ သုံးသပ်ချက်တွေဟာ ဘင်္ဂလီနဲ့ဘင်္ဂလီ လော်ဘီတွေရဲ့ သတင်းအမှား တွေကို အခြေခံပြီး လုပ်ဆောင်ခြင်းဖြစ်သလို ဘင်္ဂလီဘက် တဘက်တည်းကိုသာ အခြေခံတဲ့ ထုတ်ပြန်ချက် ၊ သုံးသပ်ချက်တွေဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

OIC ၊လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ ကင်တားနားတို့ဟာ လက်ရှိ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဧရိယာထဲက မွတ်ဆလင်ပြည်နယ် (သို့မဟုတ်) မွတ်ဆလင်နိုင်ငံတခု ပေါ်ပေါက်ရေးကို ဖော်ဆောင်နေသလားဆိုတာ သံသယဖြစ်စေပါတယ်။ လူ့အခွင့်အရေးအတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခံတဲ့ နိုင်ငံတော် ကမ္ဘာမှာ မပေါ်ပေါက်သေးဘူးဆိုတာ ပြောချင်တယ်။


ဆိုတော့ လူ့အခွင့်အရေးရှုထောင့်က ကြည့်လို့မြင်ရတဲ့အမြင်တွေအတိုင်း နိုင်ငံတော်က လိုက်လျောပေးရမယ်ဆိုပေမယ့် အဲဒီ လိုက် လျောပေးခြင်းကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးမယ်ဆိုရင် ဘယ်နိုင်ငံတော်မှ လိုက်လျောပေးမှာ မဟုတ်ဘူးဆိုတာ လူ့အခွင့်အရေးလုပ်ဆောင်သူတွေ နားလည်ထားဖို့လိုပါတယ်။

လူ့အခွင့်အရေးချိန်ခွင်လျှာနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာချိန်ခွင်လျှာ ဆိုတာ ဘယ်ဘက်မှာ အလေးသာနေသလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီမိုကရေစီစနစ် ခိုင်မာစွာတည်ဆောက်ထားတဲ့ နိုင်ငံတွေ တောင်မှ အချုပ်အခြာအာဏာကို ထိပါးရင် လူ့အခွင့်အရေးမျက်နှာကို မကြည့်တဲ့ အဖြစ်အပျက်တွေအများကြီးရှိပါတယ်။

လူ့အခွင့် အရေးအရေခြုံပြီး ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးကို ဇောင်းပေးလုပ်ဆောင်မှုတိုင်းရဲ့ သက်ရောက်မှုကတော့ မြန်မာတိုင်းရင်းရင်းသား ပေါင်းစုံရဲ့ အမျက်ဒေါသသာဖြစ်တယ်ဆိုတာပြောချင်တယ်။ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးမူကို ကိုင်စွဲပြီး ပြည်တွင်း ပြည်ပ ခေါင်းဆောင်ပိုင်းလုပ်သူတွေက ငွေကြေးထောက်ပံ့မှုတွေရပြီး ငြိမ်းငြိမ်း ချမ်းချမ်းနေနိုင်ပေမယ့် ဘင်္ဂလီအုပ်စုတွေက တော့ မြေဇာပင်ဖြစ်နေတယ် ဆိုတာကို ရိုဟင်ဂျာ အမည်ခံဘင်္ဂလီ ခေါင်းဆောင်တွေ သိထားဖို့လိုအပ်တယ်။


ကုလား-မြန်မာ ပြဿနာ ဖန်တီးပြီး ၊တရုတ်-။မြန်မာ အရေးအခင်း ရှောင်လိုသူ ဦးသိန်းစိန်

မိမိဘ၀ရပ်တည်ရေးအတွက် ဘင်္ဂလီအုပ်စုတွေကို ချနင်းခံရတာဖြစ်သလို ဘင်္ဂလီအုပ်စုတွေအနေနဲ့လည်း ဒီကိစ္စကို ဆန့်ကျင်ဖို့လိုအပ်တယ်။ ရိုဟင်ဂျာတိုင်းရင်း သားဖြစ်ခဲ့ရင် --- ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရန်ကုန်၊ မန္တလေး အစရှိတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ မော်လ၀ီတွေ၊ပညာတတ် မွတ်ဆလင် ဘာသာဝင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေပါ နောက်ကွယ်က အခိုင်အမာ ရပ်ပေးနေတာ သေချာသလို ပေါ်ပေါ်ထင်ထင်ရ ပ်ပေးတာ တွေလည်း ရှိတယ်။(ဥပမာ ရန်ကုန်က တရားလွှတ်တော်ရှေ့နေ မွတ်ဆလင် ဦးခင်မောင်ချိုရဲ့ နိုင်ငံတော်သို့ တင်ပြချက်စာတမ်းမှာ နိုင်ငံသားလို့မသုံးဘဲ တိုင်းရင်းသားအဖြစ်သုံးစွဲခြင်းမျိုးနဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ သမိုင်းလိမ်တွေကို သက်ဝင်ယုံကြည် ချက်တွေဖြစ်တယ်။)ဆိုတော့ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေရဲ့ မြန်မာတိုင်းရင်းသားဖြစ်ရေး ဘက်က မရပ်ဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ရင် ပြဿနာတွေ ၊ ပဋိပက္ခတွေ ဆက်လက်တောက်လောင်စရာ မမြင်ပါဘူး။

ရခိုင်ပြည်ရဲ့ အခြားတဘက်မှာ ရှိတဲ့ မွတ်ဆ လင်တွေဟာ နိုင်ငံသားဖြစ်ရေး ၊ နိုင်ငံသားတွေရဲ့ တန်းတူအခွင့်အရေးတွေပေါ်မှာသာ ရပ်တည်သင့်ကြောင်း ၊ ရိုဟင်ဂျာတိုင်းရင်းသား မူကို စွန့်သင့်ကြောင်း ပြောဖို့လိုအပ်သလို ဆန့်ကျင်ဖို့လဲလိုအပ်တယ်။ အဲဒီလို မဟုတ်ဘဲ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးမူနဲ့ ရိုဟင်ဂျာသမိုင်း လိမ်တွေကိုသာ ဆက်ပြီး ကိုင်စွဲနေရင် ပဋိပက္ခတွေ ၊ ပြဿနာတွေ ၊ အမုန်းမီးတောက်တွေ ဆက်ဖြစ်လာပြီး မြန်မာ တိုင်းရင်းသားတွေ လက်မခံနိုင်တဲ့ ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေတိုင်းရင်းသားဖြစ်ရေးမူကို ဆန့်ကျင်ရေးမှ တဆင့် မွတ်ဆလင် မုန်းတီးရေးကို ရောက်သွားနိုင်ပါတယ်။

တဘက်မှာ လည်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ မဟာဗျူဟာဖြစ်တဲ့ “ ဘာသာရေးပဋိပက္ခ “ အသွင်မျိုးကို မရောက်သွားဖို့ ၊ မဖြစ်ဖို့ ရခိုင်ပြည်ရဲ့ အခြားတဘက်မှာ ရှိတဲ့ မွတ်ဆလင်အဖွဲ့ အစည်းတွေမှာလည်း တာဝန်ရှိ တယ်ဆိုတာ ပြောချင်တယ်။
ဘာသာရေး ပဋိပက္ခဖြစ်ရေးကို ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ မဟာဗျူဟာဆိုတာ ယခင်ဆောင်းပါး အချို့မှာ ထောက်ပြခဲ့ဖူးတယ်။

နိုင်ငံသားဖြစ်ရေး ၊ နိုင်ငံသားတွေရဲ့ တန်းတူအခွင့်အရေးတွေပေါ်မှာ ရပ်တည်ခြင်းဟာ မြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ နားလည်စာနာ မှုကို ရရှိနိုင်မှာဖြစ်သလို ပဋိပက္ခတွေ ၊ ပြဿနာတွေကိုလည်း ငြိမ်းသတ်ရာရောက်ပါလိမ့်မယ်။
သမိုင်းလိမ်၊ သမိုင်းတုတွေနဲ့ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးကို ဆက်လက် ဆုပ်ကိုင်ထားသမျှ ကာလပတ်လုံး ပဋိပက္ခတွေ ၊ ပြဿနာတွေလည်း ဆက်လက်ဖြစ် ပေါ်နေ အုံးမှာကတော့ သေချာပါတယ်။
လူ့အခွင့်အရေးအတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ အပေးအယူလုပ်တဲ့ အစိုးရဆိုတာ ကမ္ဘာမှာ မရှိသလို တကယ်လို့ ရှိလာခဲ့ရင်လည်း လူထုက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး ။ ။


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ငွေမျက်နှာ ကြည့်၍ ရိုဟင်ဂျာအရေးကို ထောက်ခံ ဆွေးနွေး နေကြစဉ် မှတ်တမ်းပုံများ



ဘရပ်ဆဲလ် အီးယူတွင်ကျင်းပသော Organization of International Islamic Cooperation (OIC)နှင့် ဟန်ရောင်ဝေ၏ ယူရိုဘားမားတို့ ရိုဟင်ဂျာအရေးကို ထောက်ခံ ဆွေးနွေး နေကြစဉ်ပုံ။



အာရပ်နိုင်ငံများကိုယ်စားလှယ်နှင့်ဟန်ရောင်ဝေတို့-သဘောတူ လက်မှတ် ရေးထိုး နေကြစဉ်။
(မည်သည့်အကြောင်းအရာပေါ် လက်မှတ်ရေးထိုး နေကြသည်ကို မသိနိုင်ပါ)



မြန်မာပြည်ကိုကိုယ်စားပြုသလိုလိုလက်မှတ်ရေးထိုးအပြီးဟန်ရောင်ဝေနှင့် မူဆလင်များ ကြေနပ် နေကြပုံ။



ဘရပ်ဆဲလ်တွင်မြန်မာများတွေ့ဆုံဆွေးနွေးပွဲတွင်(ဝဲမှယာ)ရိုဟင်ဂျာဥက္ကဌ နရူးအစ်စလမ်၊ ကိုတင်မောင်သန်း နှင့် ဇော်ဦး။

ခိုင်လင်း(မေဃ၀တီ)

ကြော်ငြာ

 skynet up to date စကိုင်းနက် မြန်မာ ချာနယ် ကြည့်ချင်သူများအတွက် အောက်ပါလင့်ခ်ကို နှိပ်ပါ။

http://www.thithtoolwin.info/2013/04/skynet-tv-live-video-streaming.html#.UZDtuUomSVp

ဆက်သွယ်ရန်

လူကြီးမင်းတို့၏ စာမူများကို ဟစ်တိုင်သို့ ပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ဒေါသကင်းစွာ၊ ရိုးသားစွာဖြင့် မိမိအယူအဆများကို
စာဖတ်သူများ- နိုင်ငံရေးစိတ်ဝင်စားသူများ
အသိပညာ တိုးပွါးပြီး ဆင်ခြင်တွေးတောနိုင်ကြစေရန် ပေးပို့နိုင်ကြပါသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် သုတ+ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် စာပေ အမျိုးမျိုးတို့ကိုလည်း
ပေးပို့ နိုင်ကြပါသည်။

ဟစ်တိုင်သည် အမှန်တရားလိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် စာမျက်နှာဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးများ ရေးသားပေးပို့ လာပါကလည်း ပြန်လည်ဖော်ပြပေးပါမည်။

လူကြီးမင်းတို့ ပေးပို့ လာသည့် စာမူများကို မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ယှဉ်တွဲ လေ့လာသုံးသပ်နိုင်ကြစေရန် ဖော်ပြပေးပါမည်။
သတ်ပုံသတ်ညွှန်းများ လိုအပ်လျှင် ပြင်ဆင်တည်းဖြတ်ပြီးပါက ဟစ်တိုင်စာမျက်နှာတွင် ဖော်ပြထားမည် ဖြစ်ပါသည်။ ။

စာမူပေးပို့ ခြင်းနှင့်တကွ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်လိုပါက--


(editor.hittai@gmail.com) သို့ဆက်သွယ်နိုင်ပါသည်။

မြန်မာ စာဖတ်ပရိသတ်များ၊စာပေချစ်သူများကို အစဉ်လေးစားစွာဖြင့်--

(ဟစ်တိုင် ၀ိုင်းတော်သား အယ်ဒီတာ စာတည်းများ)

ဟစ်တိုင် ၀ဘ်ဆိုဒ်နဲ့ ဘလော့ဂ် အကြောင်း

ယခု ဟစ်တိုင် အွန်လိုင်းဂျာနယ် blog ဘလော့ခ်သည် မူလ ဟစ်တိုင် အွန်လိုင်းဂျာနယ်၏ စာဖတ်ပရိသတ် မိတ်ဆွေများနှင့်တိုက်ရိုက် ရင်းနှီး ခင်မင်စေဖို့ ရည်ရွယ် ဖွင့်လှစ် ထားခြင်းဖြစ်ပါသည်။ ။

ယခုအခါ ကျနော်တို့  ဟစ်တိုင် အွန်လိုင်းဂျာနယ် (၂၀၀၄မှ စတင်ခဲ့ သော www.hittai.org,www.hittai.net,www.hittai.info )နှင့် ဆင်တူယိုးမှားသော နာမည်တူ ဟစ်တိုင်များ အွန်လိုင်းတွင် မှိုလို ပေါလာသည်ကို တွေ့ နေရပါသည်။

ကျနော်တို့ တွင် (1) မူလ ဟစ်တိုင် အွန်လိုင်း ဂျာနယ် တခု(www.hittai.org)+
(2)ဟစ်တိုင် ဘလော့ဂ် တခု(www.hittai.blogspot.com)+(3) ဟစ်တိုင် regular ဖေ့စ်ဘွတ်ခ် နှင့် (4)ဟစ်တိုင် facebook fan page =အားလုံးပေါင်း ၄ခုသာ ရှိကြောင်း အသိပေး ကြေငြာအပ်ပါသည်။


( မိမိတို့  မူလ ဟစ်တိုင်သည် နော်ဝေးနိုင်ငံတွင် တန်ရာတန်ကြေးပေး၍ တရားဝင် မှတ်ပုံတင်ပြီး အွန်လိုင်းတက်နေသည်မှာ သက်တမ်း ကြာလှပါပြီ။ )

((မူလဟစ်တိုင်နှင့် ဆင်တူယိုးမှား လုပ်နေသော ဟစ်တိုင် အတုအ ပ များသည် မိမိတို့  မူလ ဟစ်တိုင်နှင့် မည်သို့ မျှ ပတ်သက်ခြင်း မရှိကြောင်း ဟစ်တိုင် မိတ်ဆွေ စာဖတ်သူများအား သိစေအပ်ပါသည်။))

 မူလ ဟစ်တိုင် ၀ိုင်းတော်သားများ။ (နိုဝင်ဘာလ၊၂၀၁၂ခု)
-----------------------------------------------------------

”ဟစ်တိုင်ဂျာနယ်အကြောင်း”

ဟစ်တိုင် အင်တာနက် စာမျက်နှာကို ပြည်ပရောက် မြန်မာ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကမကထပြုကာ တည်ထောင် ထားခြင်း ဖြစ်ပါသည်။
သို့သော်လည်း လက်ရှိအခြေအနေတွင်မူ နိုင်ငံတကာရောက် မျိုးချစ်စိတ်ရှိသူ လူငယ်များက ၀ိုင်းဝန်း ကာ ကူညီမှု၊ စည်းလုံး မှု ဖြင့် ရပ်တည် လှုပ်ရှားနေခြင်း ဖြစ်ပါသည်။
ဟစ်တိုင်သည် မြန်မာပြည်သား အားလုံး ရင်ဖွင့်ရာ နေရာ ၊စာမျက်နှာ ဖြစ်သော ကြောင့် မြန်မာပြည်သားတိုင်း သင်ရော ကျွန်ုပ်တို့ပါ အားလုံး ဘုံပိုင်ဖြစ်သည်ဟု သတ်မှတ်ပါသည်။
အများပြည်သူတို့ အတွက် သုတ ဖြစ်မည့် စာ အကြောင်းအရာများကို လူအချို့ -အဖွဲ့ အစည်းအချို့ ၏ မူဝါဒနှင့် ကိုက်ညီမှု ရှိချင်မှ ရှိမည်ဖြစ် သော်လည်း ပြည်သူအကျိုး အတွက် တင်ပြသွားမည်ဟု ဟစ်တိုင်အဖွဲ့မှ ဆုံးဖြတ်ပါသည်။
ကျွန်ုပ်တို့ ဟစ်တိုင်ဂျာနယ်ကို ၂၀၀၄ ခုနှစ် သြဂုတ်လ (၈)ရက်(ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ ဆယ့်လေး နှစ်ပြည့်နေ့ ) မှာ ဒုတိယနိုင်ငံ(ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ )မှာ စတင်ထုတ်ဝေခဲ့ပါတယ်။
ဟစ်တိုင်ဂျာနယ် အမှတ်(၁)ကို တီအေစီဒီဘီတွင် တာဝန်ထမ်းဆောင်ခဲ့သူ ကိုခိုင်စိုး(ယခု အမေရိကန် တွင်နေထိုင်သူ)မှ ၄င်း၊
 ဟစ်တိုင်ဂျာနယ် အမှတ်(၂)ကို ပင်လယ်ပျော်များသမဂ္ဂရုံးမှ ကိုထွေး(ယခု နယ်သာလန်နိုင်ငံမှတွင် ရောက်ရှိနေထိုင်သူ) မှ၎င်း။
 ဟစ်တိုင်ဂျာနယ် အမှတ်(၃)ကို ကိုမိုးမောင်မောင်(ပြည်ပရောက်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်၊ ယခု နော်ဝေနိုင်ငံတွင် ရောက်ရှိနေထိုင်နေသူ)တို့မှ၎င်း။ ကွန်ပျူတာ အပြင်အဆင်ဖြင့် ၀ိုင်းဝန်း ကြိုးပမ်း ပေးခဲ့ကြ ပါသည်။

ကိုမြင့်ဝေ (တီအေစီဒီဘီ၊ လက်ရှိထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်နေဆဲ)က ဟစ်တိုင် ပေါ်ပေါက် ရှင်သန်ရေးအတွက် အဓိ က တိုက်တွန်းပေးအားပေးပြီး၊ကိုလူမော် (ယခုနော်ဝေ နိုင်ငံတွင် ရောက်ရှိနေထိုင်နေသူမှ) ၀က်ဆိုက် ပညာများ သင်ကြား ပေးမှုကြောင့် ဟစ်တိုင်အွန်လိုင်းမဂ္ဂဇင်းကို ၂၀၀၆ခုနှစ် ဖေဖော်ဝါရီလမှာ တတိယနိုင်ငံ (နော်ဝေနိုင်ငံ)မှာ စတင်ထုတ် လွှင့် တင်ဆက် နိုင်ခဲ့ကြပါတယ်။
ဒီလိုတင်ဆက်လာခဲ့ရင်းနဲ့  အကြောင်းအမျိုးမျိုးကြောင့် ၂၀၀၈ခုနှစ် (နိုဝင်ဘာလ ကုန်ခါနီးတွင်) နှစ်ကုန်ပိုင်းမှာ ခေတ္တ ရပ်နားသွားခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ယာယီ ရပ်တန့်သွားရခြင်းကိုလည်း ဟစ်တိုင် ပရိတ်သတ်များအား ကျွန်တော်တို့ ဟစ်တိုင် အဖွဲ့ သားများမှ အနူးအညွတ် တောင်းပန်ပါသည်။
၂၀၀၉ခုနှစ် မတ်လ ၂၇ရက် (၆၄နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ )မှာ ကမ္ဘာတလွှားက မြန်မာ စာဖတ်ပရိသတ်များ အတွက် ဟစ်တိုင် ပြန်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

ယခုလာတဲ့ဟစ်တိုင်ကတော့ ယခင်မူရင်း ဟစ်တိုင်ဂျာနယ် ကို စတင်တည်ထောင်သူများဖြစ်တဲ့ ကျွန်ုပ်တို့  ပြည်ပရောက် မြန်မာ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ (ABEP) ရဲ့ ဦးဆောင်သူများဖြစ်တဲ့ ထိုင်းနိုင်ငံ၊နော်ဝေနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် နယ်သာလန်နိုင်ငံနှင့် နိုင်ငံတကာရောက် ရောက် အဖွဲ့သားများမှ ပြန် လည် လှုပ်ရှားဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ဝက်ဘ်ဆိုဒ်လိပ်စာကိုလည်း မြန်မာနိုင်ငံအတွင်းတွင် လက်ရှိ အသုံးပြုနေသော မိုင်မြန်မာဗားရှင်း နှင့်အညီ သုံးနိုင်ရန်အတွက် အင်္ဂလိပ်စာ စာလုံးပေါင်းကို ပြင်ဆင်ပြီး(www.hittai.org)ဟု ပြောင်းလဲလိုက်ပါသည်။
အကြောင်းမှာ မိုင်မြန်မာ ဗားရှင်းသည် တက္ကသိုလ်ကျောင်းသုံး မြန်မာစာသတ်ပုံကျမ်းအရ အင်္ဂလိပ်စာနှင့် အညီရိုက်သော် ဟစ်တိုင် စာလုံးပေါင်းကို hittai ဟု ရိုက်မှ မြန်မာလိုအမှန် "ဟစ်တိုင်"ဟု အသံထွက်ပါသည်။ hittaing ဟုရိုက်သော် မိုင်မြန်မာ ဗားရှင်း အရ "ဟစ်တိုင်း"ဟု အသံထွက်နေသဖြင့် သဒ္ဒါအမှန် ဖြစ်စေရန် ၀က်ဆိုက်လိပ်စာကို (www.hittai.org) ပြောင်းလဲရခြင်းဖြစ်ပါသည်။

ဝက်ဘ်ဆိုဒ် လိပ်စာကိုလည်း လိပ်စာသစ်ဖြစ်တဲ့ (www.hittai.org)နှင့် ကြည့်ရှုနိုင်ပါပြီ။၊

ဆက်သွယ်ရန် အီးမေးလ် လိပ်စာကို (editor.hittai@gmail.com) သို့  ဆက်သွယ်နိုင်ပါတယ်။
ဟစ်တိုင် ၀ိုင်းတော်သားများ
(19.11.2012)
www.hittai.org